ချင်းအမျိုးသားတော်လှန်ရေးအတွက် အမေရိကားရောက် Sihhmuh ရွာသူ/သားများမှ အမေရိကန်ဒေါ်လာ ၁၁၄,၀၀၀ နှင့် အမေရိကားရောက် Tlangkhua ကျေးရွာသူ/သားများမှ အမေရိကန်ဒေါ်လာ ၅၀,၆၅၀ တို့က ထည့်ဝင်ကြောင်းသိရသည်။ အမေရိကားရောက်ချင်းလူမျိုးများမှ ချင်းအမျိုးသားတော်လှန်ရေးအတွက် ၂၀၂၁ ခုနှစ်မှ လက်ရှိအချိန်ထိ အမေရိကန်ဒေါ်လာ ၃ သန်းနီးပါးထည့်ဝင်ထာကြောင်းသိရပြီး ထိုထည့်ဝင်ငွေများမှာ ကျေးရွာပေါင်း ၂၅ ရွာမှ ပြည်ပရောက် ရွာသူ/သားများ၏ထည့်ဝင်ငွေစုစုပေါင်းဟု သိရသည်။_CCN Team